Update your Cookie Settings to use this feature.
Click 'Allow All' or just activate the 'Targeting Cookies'
By continuing you accept Avaaz's Privacy Policy which explains how your data can be used and how it is secured.
Got it
We use cookies to analyse how visitors use this website and to help us provide you the best possible experience. View our Cookie Policy .
OK
People’s Support for ICC for Senior General Min Aung Hlaing

People’s Support for ICC for Senior General Min Aung Hlaing

1 have signed. Let's get to
50 Supporters

Close

Complete your signature

,
By continuing you agree to receive Avaaz emails. Our Privacy Policy will protect your data and explains how it can be used. You can unsubscribe at any time. If you are under 13 years of age in the USA or under 16 in the rest of the world, please get consent from a parent or guardian before proceeding.
This petition has been created by Austin L. and may not represent the views of the Avaaz community.
Austin L.
started this petition to
International Criminal Court
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) မှ အရေးယူရန် ဆောင်ရွက်နေသည်များကို ထောက်ခံခြင်း

ကျွန်ုပ်တို့ မြန်မာလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ ဒီမိုကရေစီဘက်တော်သားများ၊ ဒုက္ခသည်များ၊ စစ်ပြေးဒုက္ခသည်များနှင့် ပြည်ပရောက် နိုင်ငံတကာတရားမျှတမှု နှင့်တာ၀န်ခံမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာလှုပ်ရှားသူများမှ မြန်မာစစ်ဗိုလ်ချုပ်များအားနိုင်ငံတကာရာဇ၀တ်မှုများအတွက်တာ ၀န်ယူမှုရှိစေရန် ICC လုပ်ငန်းစဉ်များ အားလုံးကို ဖြစ်နိုင်သည့်အရာ အားလုံးတွင် ကျွန်ုပ်တို့မှ အကူအညီများပေးရန် ကတိပေး ကမ်းလှမ်းကြပါသည်။  မြန်မာပြည်သူများအတွက် စစ်ရာဇ၀တ်မှုများ အပေါ် တရားမျှတမှုရရှိစေရန် ပြည်တွင်းတရားဥပဒေစနစ်အရ ဆောင်ရွက်ရန် မည်သည့်နည်းလမ်းမှ မကျန်ရှိတော့ပါ။
 
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် ကျွန်ုပ်တို့ အလွန် အံ့အားသင့် ချောက်ခြားကြရပါသည်။ နိုင်ငံတကာ ဥပဒေများအရ စစ်တပ်အာဏာသိမ်းမှုများသည် ရာဇ၀တ်မှု အဖြစ် မသတ်မှတ်ထားကြောင်း ကျွန်ုပ်တို့ နားလည်ကြပါသည်။
 
သို့သော် အဆိုပါ စစ်အာဏာသိမ်းယူသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ မြန်မာ့တပ်မတော်၏ အကြီးမားဆုံး ခေါင်းဆောင် ဖြစ်သကဲ့သို့ မြန်မာစစ်တပ်၏ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုများ ကျူးလွန်ရာတွင် အဓိက အများဆုံး အမိန့်ပေး တာဝန်ချမှတ်ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။  ရှမ်း၊ ကချင်၊ ကိုးကန့်၊ ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ်များတွင် စစ်ရာဇဝတ်မှုများနှင့် လူသားအပေါ်ပြုကျင့်သော ရာဇ၀တ်မှုများ အပါအ၀င်ဖြစ်သည်။
 
မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်အား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုများနှင့် ၂၀၁၆ နှင့် ၂၀၁၇ တို့တွင် ရိုဟင်ဂျာ ၈၀၀၀၀၀ တို့အား အဓမ္မ စွန့်ခွာစေမှု အပါအ၀င် အခြားပြင်းထန်သော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုများအား အသေးစိတ် စုံစမ်းစစ်ဆေးမှုကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) မှ စီစဥ် ဆောင်ရွက်နေသည့် အရာများအားကျွန်ုပ်တို့ထောက်ခံပါသည်။
 
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားတပ်မှူးများ အနေဖြင့် နိုင်ငံတကာဥပဒေများနှင့် လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင်းရှင်း ကဲ့သို့သော နိုင်ငံများအကြားစာချုပ်များဖြင့် အကာအကွယ်ပေးထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ရာဇ၀တ်မှုဆိုင်ရာတာ၀န်ယူမှုကို ICC မှ ခိုင်လုံသော အထောက်အထားများ တွေ့ရှိလိမ့်မည်ဟု ယုံကြည်ပါသည်။ မင်းအောင်လှိုင်ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုကျူးလွန်သူများအား ICC ၏ စုံစမ်းစစ်ဆေးမှုနှင့် ICC စစ်ဆေးမှုအဆင့်တိုင်း၌ ကျွန်ုပ်တို့တစ်ဦး ချင်းစီ သော်လည်းကောင်း စုပေါင်းပါ၀င်ခြင်းဖြင့်သော်လည်းကောင်း ICC အား ဆက်လက် ကုညီဆောင်ရွက်သွားမည်ဖြစ်သည်။ သူအဖမ်းခံရပြီး တရားမျှတမှုရရှိရန် ဟိဂ်သို့ ခေါ်ဆောင်သွားသည်အထိ ကျွန်ုပ်တို့ဆက်လက်လုပ်ဆောင်သွားကြမည် ဖြစ်သည်။

We the undersigned - Myanmar human rights activists, democrats, refugees, IDPs and exiles, as well as international campaigners for justice and accountability– pledge to offer our assistance in all possible ways toward ICC processes which hold Myanmar generals accountable for international crimes. Myanmar peoples have no possibility of justice for the military’s crimes within the national legal system.

We are deeply shocked and troubled by the Myanmar military coup led by the Commander-in-Chief Senior General Min Aung Hlaing. Military coups are not considered crimes under international law, we are aware.

However, the same Senior General Min Aung Hlaing. as the most senior leader of Myanmar Tatmadaw, bears the ultimate command responsibility for Myanmar Tatmadaw  or military’s international crimes including: genocide, crimes against humanity and war crimes in Rakhine state; and war crimes and crimes against humanity in Shan, Kachin, Kokant, Karen, Karenni and Mon states.

We support the full investigation launched by the International Criminal Court (ICC) into Min Aung Hlaing-led Tatmadaw’s international crimes including the international crimes of deportation and other grave crimes against 800,000 Rohingyas in 2016 and 2017.  

We are confident that the ICC will find solid evidence to establish the criminal responsibility of Senior General Min Aung Hlaing and other commanders for egregious human rights crimes against Myanmar national minorities, protected by international law and inter-state treaties such as the Genocide Convention. We will continue to offer the ICC our individual and collective assistance in every phase of the ICC investigation and ICC trial of Myanmar’s international criminals such as Min Aung Hlaing. We will continue until he is arrested and taken to the Hague to face justice.  
Posted (Updated )